ဒီရက်ပိုင်းမှာ ဖတ်ဖြစ်တဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ဆိုတဲ့ စာအုပ်လေးအကြောင်း review အဖြစ် တင်ပေးလိုက်ပါတယ်။ ဘလော့တစ်ခု တကယ်လုပ်တော့မယ်၊ စာတကယ်ရေးတော့မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဒီစာအုပ်ကို ဝယ်ဖြစ်ခဲ့တာပါ။ အတော်ကြာခဲ့ပြီ ပြောရမယ်။ အခုမှပဲ အသေအချာ ဖတ်ဖြစ်တယ်။ ဖတ်သင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်လို့ review ပါ ရေးလိုက်ဖို့ စိတ်ပါသွားတယ်။

ဒီစာအုပ်လေးကို ရေးသားပြုစုတဲ့သူကတော့ မန္တလေးသား စာရေးဆရာကြီး ဝင်းငြိမ်းပဲ ဖြစ်ပါတယ်။ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကနေ B.Com (AA) ဘွဲ့ကိုရခဲ့ပြီး ကျွန်တော့်လိုပဲ DMA ဘွဲ့ရတစ်ယောက်လည်း ဖြစ်ပါတယ်။ အစိုးရ အဆင့်မြင့်အရာရှိကြီးအဖြစ်ကနေ အငြိမ်းစားယူပြီး ရုပ်ရှင် အမြုတေ၊ စန္ဒာ၊ ရင်ခွင်သစ်၊ အရိန္ဒမာ၊ ရုပ်ရှင်၊ ရွှေစည်းစိမ် မဂ္ဂဇင်းတိုက်တွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီစာအုပ် ထုတ်ဝေချိန်မှာလည်း ရွှေအမြုတေ မဂ္ဂဇင်းရဲ့ စီစဉ်တည်းဖြတ်သူအဖြစ်၊ အလင်းတန်းဂျာနယ်ရဲ့ မွမ်းမံတင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ဒီ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ဆိုတဲ့ စာအုပ်က ရွှေအမြုတေ မဂ္ဂဇင်းမှာ လစဉ်ဖော်ပြခဲ့တဲ့ စာရေးနည်း ဆောင်းပါးတွေကို ပြန်လည်စုစည်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆောင်းပါး ၃၄ ပုဒ်ပါဝင်ပါတယ်။ ဆောင်းပါးတွေကတော့ စာပေဆိုင်ရာ ဆုတွေ အများကြီးရထားကြတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ စာရေးဆရာမတွေရဲ့ ဟောပြောချက်တွေ၊ စာရေးနည်း လမ်းညွှန်တွေ၊ အင်တာဗျူးတွေကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ၂၀၁၂ က ထုတ်ထားတဲ့ စာအုပ်ဖြစ်လို့ အခုအချိန် စာအုပ်ဆိုင်တွေမှာ ကျန်၊ မကျန်တော့ မသေချာဘူး။

ဒီ နှစ်ကြောင်းရေး တစ်ကြောင်းခြစ်ဆိုတဲ့ စာအုပ်က ရွှေအမြုတေ မဂ္ဂဇင်းမှာ လစဉ်ဖော်ပြခဲ့တဲ့ စာရေးနည်း ဆောင်းပါးတွေကို ပြန်လည်စုစည်းထားတဲ့ စာအုပ်တစ်အုပ်ပါ။ ဆောင်းပါး ၃၄ ပုဒ်ပါဝင်ပါတယ်။ ဆောင်းပါးတွေကတော့ စာပေဆိုင်ရာ ဆုတွေ အများကြီးရထားကြတဲ့ ကမ္ဘာကျော် စာရေးဆရာ၊ စာရေးဆရာမတွေရဲ့ ဟောပြောချက်တွေ၊ စာရေးနည်း လမ်းညွှန်တွေ၊ အင်တာဗျူးတွေကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။ ၂၀၁၂ က ထုတ်ထားတဲ့ စာအုပ်ဖြစ်လို့ အခုအချိန် စာအုပ်ဆိုင်တွေမှာ ကျန်၊ မကျန်တော့ မသေချာဘူး။

ဆရာဝင်းငြိမ်းက မဂ္ဂဇင်းတိုက်တွေရဲ့ အယ်ဒီတာဖြစ်တဲ့အလျှောက် မဂ္ဂဇင်းမှာ ထည့်ဖို့ ပေးပို့လာတဲ့ စာမူတွေ အများကြီးကို အမြဲ ဖတ်ရပါတယ်။ အရွေးခံရတဲ့သူတွေ ရှိသလို အရေးမခံရသူတွေလည်း ရှိပါတယ်။ ဒီစာမူရှင်တွေအပြင် တခြား တက်သစ်စတွေ၊ စာစရေးဖို့ ကြိုးစားနေသူတွေအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးတွေကို ဖော်ပြပေးခဲ့တာလို့ ဆိုပါတယ်။

စာရေးဆရာ လုပ်မယ်၊ ဝတ္တ္ထုရေးမယ်လို့ စဉ်းစားထားရင်တော့ ဒီစာအုပ်က မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ် ဖြစ်ပါတယ်။ Yan’s Note လိုမျိုး ဘလော့ရေးမှာဆိုရင်တော့ မဖြစ်မနေ ဖတ်ရမယ့်အထဲမှာ မပါပါဘူး။