ဒီရက်ပိုင်း Yan's Note အတွက် Environment အသစ် တစ်ခု လုပ်ကြည့်ဖြစ်တယ်။ စစဉ်းစားတုန်းက Laravel နဲ့လုပ်မယ်ပေါ့။ Laravel 5.8 နဲ့ စရေးတယ်။ ထုံးစံအတိုင်း Design Stage မှာ တော်တော်လေး ကြာနေတယ်ပေါ့။ အဲ့မှာ Design Stage ကို လုပ်နေရင်းနဲ့ ထပ်စဉ်းစားမိတာ View တွေကို သပ်သပ် Project ခွဲပြီး လုပ်လိုက်ရင်ကောင်းမယ်ဆိုပြီးတော့။

ဒါနဲ့ Front End Development ပုံစံမျိုး Project အသစ်တစ်ခု ထပ်ဆောက်တယ်။ စရေးတော့ HTML, Scss ပေါ့။ Laravel-Mix သုံးပြီးတော့ Compile လုပ်တယ်။ လုပ်ရင်းနဲ့ Bootstrap Scss နဲ့ Theme Development လုပ်ရတဲ့ပုံစံကို သဘောကျလာတာနဲ့ Theme Development ပိုင်းကို ပိုလေ့လာပြီး ဆက်လုပ်ဖြစ်တယ်။ တော်တော်လေး ခရီးရောက်နေပြီဆိုပါတော့။ အဲ့မှာ ဘာဖြစ်လဲဆိုတော့ Plain HTML နဲ့ရေးရတာ ငြီးငွေ့လာတယ်။ Page အသစ်တစ်ခု Create လုပ်တိုင်း လိုတဲ့ Code တွေ ပြန်ပြန်ကူးနေရတယ်။ Header, Footer, Sidebar စသည့်ဖြင့်ပေါ့။ ပြီးရင် အဲ့ထဲက တစ်ခုခုကို ပြန်ပြင်လိုက်တိုင်း တခြား Page တွေအတွက်ပါ လိုက်လိုက်ပြင်နေရတယ်။ ဒါကို မဖြစ်သင့်ဘူးလို့ တွေးမိလာတယ်။

ဘာနည်းလမ်းရှိမလဲ ရှာကြည့်တော့ Vue Js ကိုသွားတွေ့တယ်။ Laravel သုံးမှာဆို​တော့ React လိုမျိုး တခြား Js တွေထက် Vue ကို လေ့လာသင့်တယ်လို့ စဉ်းစားပြီး Vue ကို ဆက်လေ့လာဖြစ်တယ်။ ဒါကြောင့် တော်တော်ခရီးရောက်နေတဲ့ Front End Project ထဲက ကုဒ်တွေ အကုန်လုံးကို ဖျက်ပစ်လိုက်ပြီး Vue Js နဲ့ ပြန်စရေးတယ်။ Development Field နဲ့ဝေးနေတာလည်း ကြာပြီဖြစ်တဲ့အပြင် နဂိုကတည်းက JS ဆိုရင် ခပ်စိမ်းစိမ်းနေခဲ့တာကြောင့် Vue ကို​ လေ့လာရတာ အခက်အခဲတွေတော်တော်များတယ်။ Vue တို့ Scss တို့ကို စလေ့လာပြီ ဆိုတော့ Module Bundler တွေက ကပ်ပါလာပြန်ရော။

အဲ့မှာ အခုလက်ရှိ Front End Development မှာ Trend ဖြစ်နေတဲ့ Webpack ကို လေ့လာဖို့ အကြောင်းဖန်လာပြန်ရော။ တိုတိုပြောရရင် Webpack ကိုလည်း လေ့တာတယ်ပေါ့ဗျာ။ ဒါပေမယ့် သိပ်နားမလည်ပါဘူး။ အလုပ်ချိန်မှာ ခိုးခိုး​​ပြီး ကိုယ်ပိုင် Project လုပ်ရတာဆိုတော့ အရမ်းလည်း အာရုံမစိုက်နိုင်ဘူးလေ။ ဒါပေမယ့် Commit ၄၊ ၅ ခါလောက်တော့ တင်ဖြစ်တဲ့ အခြေအနေလောက်ထိ လုပ်ဖြစ်ပါတယ်။

ဒီလိုနဲ့ဆက်လုပ်နေရင်း Front End ကလည်း Server Run ပြီး Localhost ကနေ Develop လုပ်တာ ပိုအဆင်ပြေတယ်ဆိုတာကို တွေ့လာပြန်တယ်။ ဒါနဲ့ ရုံးက ကွန်ပျူတာရဲ့ Xampp ထဲထည့်​​ Run ပြီး ဆက်လုပ်တယ်။ အကုန်အဆင်ပြေပါတယ်။ ဘယ်ကျမှ မပြေလဲဆိုတော့ ပိတ်ရက်ရလို့ ကိုယ့်အိမ်က ကွန်ပျူတာမှာ Develop လုပ်မယ်ဆိုပြီး Project ကို clone လုပ်လိုက်တော့မှ မပြေတော့တာ။ ကိုယ့်ကွန်ပျူတာထဲမှာ Valet နဲ့ အလုပ်လုပ်တာ။ အဲ့ Project ကို Valet နဲ့ Link လုပ်လိုက်တယ်။ ဘယ်လိုမှ စမ်းလို့ မရဘူး။ ကိုယ်လုံးဝမရင်းနှီးတဲ့ Error တွေ ဆက်တိုက်တက်လာတော့တယ်။ နောက်ဆုံး နားလည်လိုက်တာက Front End အတွက်လည်း Front End Server လိုတယ်ပေါ့။

Front End Server အကြောင်းကို ရှာပါပြီ။ လေ့လာပါပြီ။ အဲ့ဒီ Front End Server ကနေ ဆက်စပ်ပြီး ဘယ်ထိရောက်သွားလဲဆိုတော့ Nuxt Js ကို ရောက်သွားပါလေရော။ Nuxt Js ကို လေ့လာတော့ စပြီး Yan's Note အတွက် New Project လုပ်ဖို့ ကြိုးစားခဲ့တဲ့ Concept တွေ၊ အတွေးတွေက နည်းနည်းပြောင်းလာတယ်။ လက်ရှိ Yan's Note ကို တစ်လ ၅ ဒေါ်လာအကုန်ခံပြီး Digital Ocean မှာ တင်ထားတာ။ အဲ့တော့ စတွေးတာက Laravel နဲ့ရေးပြီး ဒီ Droplet မှာပဲ ဆက်ပြီး Implement လုပ်မယ်ပေါ့။

ဒါပေမယ့် ဒီအချိန်မှာ ပြောင်းသွားတဲ့ Concept က Front End ပဲ ရေးတော့မယ် Back End ကို Service တစ်ခုခုပဲ သုံးတော့မယ်ဆိုတဲ့ Concept ပဲ။ လက်ရှိ Yan's Note ရဲ့ Traffic နဲ့ ဆိုရင် Firebase ကို သုံးတာက ကုန်ကျစရိတ် ပိုသက်သာမယ့်အပြင် Friebase ကိုလည်း လေ့လာပြီးသားဖြစ်သွားမယ်။ ကိုယ်ကလည်း နဂိုတည်းက Google Fan ဆိုတော့ Google ရဲ့ Service တစ်ခုခုကို အရမ်းသုံးချင်နေတာလည်း ပါတာပေါ့။ ဆိုတော့ Firebase ကို ဆက်လေ့လာတယ်ပေါ့ဗျာ။

ခုလက်ရှိ နောက်ဆုံးအခြေအနေကတော့ Nuxt Js + Firebase + Bootstrap Vue နဲ့ Yan's Note ကို ရှေ့ဆက်ဖို့ အစွမ်းကုန် ကြိုးစား လေ့လာနေပါပြီ။ ကိုယ့်စိတ် ထပ်မပြောင်းခင် ဒီ Project ကိုလည်း အပြီးလုပ်ချင်နေပါပြီ။ လုံးဝ အစိမ်းသက်သက် နည်းပညာတွေ ဖြစ်နေတဲ့အတွက် အခက်အခဲတွေ တော်တော်ကို များပါတယ်။ Googling ကလွဲလို့ ကူကယ်ရာမဲ့နေတဲ့ ကျွန်တော့ရဲ့ အခက်အခဲတွေနဲ့ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရတယ်ဆိုတာကိုတော့ နောက်ထပ် Post တစ်ခုအနေနဲ့ သပ်သပ်တင်ပါမယ်။